Tuesday, August 21, 2012

ပရီးမီးယားလိဂ်သို့ ပြောင်းခွင့်ရရှိမည်ဟု ယုံကြည်နေသည့် ကိုနာတေး

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ချင်နေသည့် ကိုနာတေး
မက္ကာဘီ တဲလ်အဗစ်၏ တိုက်စစ်မှူး ဖြစ်သူ ကိုနာတေးမှ သူ၏ အေးဂျင့်ဖြစ်သူသည် ပရီးမီးယားလိဂ် ကလပ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အသက် (၁၉)နှစ် အရွယ်ရှိ ကိုနာတေးသည် အိုလံပစ် ပြိုင်ပွဲတွင် အထူးခြေစွမ်း ပြခဲ့သူဖြစ်ပြီး ဆီနီဂေါ အသင်းအတွက် (၅)ဂိုး သွင်းယူပေး ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်သည်။
၎င်းအား ခေါ်ယူရန် အတွက် နော့ဝှစ်ခ်ျ၊ ၀က်စ်ဘရွန်း၊ ဖူလ်ဟမ်နှင့် စတုတ် အသင်းများက အပြိုင်ကြိုးစားနေကြသည်။ ကိုနာတေးမှ သူသည် တဲလ်အဗစ်တွင် ပျော်ရွှင်နေသော်လည်း ပရီးမီးယားလိဂ် ကလပ်များသို့ ပြောင်းရွှေ့ရမည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment