Saturday, August 25, 2012

စပါးစ်အသင်းသို့ ပြောင်းခွင့်ပေးရန် အသင်းအား တောင်းဆိုခဲ့သည့် ၀ီလျှံ

စပါးစ်အသင်းသို့ ပြောင်းခွင့်ရချင်နေသည့် ၀ီလျှံ
ဝီလျှံသည် စပါးစ် အသင်းသို့ ပေါင်သန်း (၂၀)ဖြင့် ပြောင်းရွှေ့မှုကို တားဆီးခြင်း မပြုရန် ရှက်တာဒိုးနက်ခ် အသင်းအား တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
တိုက်စစ် ကစားသမား အများစုအား ထွက်ခွာခွင့် ပြုခဲ့သည့် စပါးစ် အသင်းသည် ၀ီလျှံအား ခေါ်ယူနိုင်မည်ဟု ယုံကြည်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း စပါးစ် အသင်းသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန် နေသည်။
“ကျွန်တော် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ် ဒါပေမယ့် ဘုတ်အဖွဲ့ကြောင့် မပြီးဆုံး ခဲ့ပါဘူး၊ ဒီမှာက တစ်နေရာတည်းမှာပဲ ကစားသမား အများကြီး ရှိနေပါတယ် အများစုက ဘရာဇီးတွေပါ၊ သူတို့တွေက ကစားသမားသစ်တွေ ၀ယ်ယူနေပေမယ့် ပြန်းမရောင်းချပါဘူး၊ ဒါဟာ ပြဿနာပါ၊ ကျွန်တော် ထွက်ခွာချင်နေတာ လူတိုင်းသိပါတယ်၊ ကျွန်တော်ဒီမှာ (၅)နှစ် နေပြီးပါပြီး ဖလားတွေလည်း အများကြီး ရခဲ့ပါတယ် ဒါကြောင့် ကျွန်တော့်ရဲ့ ဆန္ဒကို သူတို့ လေးစားမယ်လို့ ယုံကြည်ပါတယ်”ဟု ၀ီလျှံမှ သူ၏ ဆန္ဒအား ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment