Friday, August 3, 2012

နာဆရီ၊ မာနက်ဇ်၊ ဘင်အာဖာ နှင့် အမ်ဗီလာတို့အား အပိုဆုကြေးပေးအပ်ခြင်း မပြုရန် FFFဆုံးဖြတ်

ပြင်သစ် ဘောလုံး အဖွဲ့ချုပ်မှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် နာဆရီ၏ အပြုအမှု
ပြင်သစ် ဘောလုံး အဖွဲ့ချုပ်သည် နာဆရီ၊ မာနက်ဇ်၊ ဘင်အာဖာ နှင့် အမ်ဗီလာတို့ လေးဦးအား အရှက်ရဖွယ်ရာ ကိစ္စများ ဖန်တီးမှုဖြင့် ယူရို-၂၀၁၂ ပြိုင်ပွဲ၏ အပိုဆုကြေးငွေအား ပေးအပ်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။
ယင်းကစားသမား လေးဦးသည် ယူရို-၂၀၁၂ ပြိုင်ပွဲတွင် အပြုအမှုများကို ထိန်းသိမ်းခြင်း မရှိခြင်းကြောင့် နာဆရီ နှင့် မာနက်ဇ်တို့မှာ (၄)ပွဲပယ် ပြစ်ဒဏ် နှင့် ဘင်အာဖာ နှင့် အမ်ဗီလာတို့ နှစ်ဦးမှာ အနာဂတ်တွင် အပြုအမူများကို ထိန်းသိမ်းရန် သတိပေးခြင်း ခံခဲ့ရသည်။
ထို့အပြင် ပြင်သစ် ဘောလုံးအဖွဲ့ချုပ်သည် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ခြင်း အတွက် ကစားသမားများအား ပေးအပ်မည့် အပိုဆုကြေး ယူရို (၁)သိန်းအား ယင်းကစားသမား လေးဦးအား ပေးအပ်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီး အသင်းဖော်များကိုလည်း ဆုကြေးငွေ၏ (၂၅)ရာခိုင်နှုန်း ထပ်မံ လျော်ကြေးပေးရန် ပြစ်ဒဏ်ချမှတ် ခဲ့သည်။
ပြင်သစ် ဘောလုံးအဖွဲ့ချုပ်သည် အဆိုပါ ဒဏ်ကြေးငွေများ၏ (၆၀) ရာခိုင်နှုန်းကို အပျော်တမ်း ပြိုင်ပွဲသို့ ပေးအပ်၍ (၄၀) ရာခိုင်နှုန်းကို အဖွဲ့ချုပ်သို့ ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment