Tuesday, August 21, 2012

ဒရာမာဇာတ်ကားများ သရုပ်ဆောင်ရန် ကမ်းလှမ်းချက်များ IU ရရှိထား


IU သည် ဒရာမာ ဇာတ်လမ်း များတွင် ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်းချက် အများအပြား ရရှိ ထားသည်ဟု IU ၏အေဂျင်စီမှ အရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။ “ကျွန်တော်တို့ ကမ်းလှမ်းချက် ဆယ်ခုလောက် ရရှိထားပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး” ဟု သူကပြောကြားသည်။ IU သည် KBS မှ ထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Dream High တွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။
ထိုဇာတ်လမ်းတွဲသည် ဆယ်ကျော်သက် လူငယ်ပရိသတ်များ အကြားတွင် အထူးရေပန်းစားခဲ့ပြီး နောက်နှစ်လအတွင်း ကြည့်ရှုသူ (၁၈) မှ (၂၀) ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ အခြား ဆယ်ကျော်သက် ကြယ်ပွင့်များဖြစ်သည့် Suzy နှင့် Wooyoung တို့သည်လည်း ကောင်းမွန်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။
ဂျပန်တွင် ပြီးခဲ့သည့် ခြောက်လအကြာက သူမ၏ ပထမဆုံး အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီးနောက် အသက် ဆယ့်ကိုးနှစ်အရွယ်ရှိ ကြယ်ပွင့်သည် လာမည့် စက်တင်ဘာတွင် ဂျပန်၌ ပထမဆုံး ဂီတဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်ထားခဲ့သည်။ လက်ရှိအချိန်တွင် သူမသည် ကိုရီးယား အားကစားအဖွဲ့များကို အားပေးရန်လန်ဒန်သို့ ရောက်ရှိနေသည်။
ဂျပန်ဂီတ ရောင်းအားပြဂရပ်ဖ်တွင် သူမ၏ ဒုတိယအမြောက် အယ်လ်ဘမ် You and I သည် အဆင့်လေးနေရာ ရှိခဲ့သည်။ IU သည် မကြာသေးမီက 3D အယ်နီမေးရှင်း ရုပ်ရှင်ကား Sammy's Adventures 2 တွင် ပါဝင် သရုပ်ဆောင်ခြင်းဖြင့် နယ်ပယ်မျိုးစုံသို့ ခြေဆန့်ရန် ကြိုးစားနေခဲ့သည်။
နေလင်းအောင် 
SHADE Journal

No comments:

Post a Comment