Saturday, August 11, 2012

အနာဂတ်လေယာဉ်သစ်တစ်မျိုးကို NASA နှင့် Boeing တို့ ပူးပေါင်းဖန်တီး


အနာဂတ် ကာလအတွက် ရည်ရွယ်ထားသည့် လေယာဉ်သစ် တစ်မျိုးကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)နှင့် Boeing ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးနေကြောင်း သိရှိရသည်။ Boeingသည် သာမန်ခရီးသည်တင် လေယာဉ်ဒီဇိုင်းများကို တော်လှန်ပစ်ပြီး တောင်ပံအနေအထားကို လုံးဝ ပြောင်းလဲပစ်လိုက်သည့် တြိဂံသဏ္ဍန် လေယာဉ်ကို NASAနှင့် ပူးပေါင်း သုတေသန ပြုနေခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သစ်၏ အဓိက အားသာချက်သည် လောင်စာဆီ အသုံးပြုမှု အလွန်သက်သာသွားမည်ဟု သတင်းများက ဆိုသည်။
သို့သော်လည်း ယနေ့ခေတ် ခရီးသည်တင် လေယာဉ်များတွင် တွေ့မြင်နေရသည့် အပြင်ဘက်သို့ လှမ်းကြည့်နိုင်သော ပြူတင်းပေါက်နံဘေးတွင်ထိုင်ခုံကပ်လျက်ချထားခြင်းမျိုးမှာမူ ပျောက်ကွယ်သွားမည်
ဖြစ်သည်။ NASAက အဆိုပါ လေယာဉ်ဒီဇိုင်းသည် ဆယ်စုနှစ် အနည်းငယ်အတွင်း အနာဂတ် ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေး နယ်ပယ်ကို လွှမ်းမိုးသွားမည်ဟု ယူဆလျှက်ရှိသည်။
ယခုအခါ မျိုးစပ်နည်းပညာသုံး အဆိုပါ အနာဂတ် လေယာဉ် ဒီဇိုင်းကို Boeingနှင့် NASAတို့ အလေးအနက်ပူးပေါင်းစမ်းသပ်နေခြင်း ဖြစ်သည်။ဗြိတိန်တွင်တည်ဆောက်ခဲ့သော လေယာဉ်ဒီဇိုင်းသည် 
 နှစ်ပေါင်း(၅၀)အတွင်းခရီးသည်တင် လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင်ကြီးကျယ်သော ခြေလှမ်းအပြောင်း
အလဲ တစ်ရပ် ဖြစ်လာဖွယ် ရှိနေသည်။
ယခုစမ်းသပ်အဆင့် လေယာဉ်ဒီဇိုင်းသည် အမှန်တကယ် ရည်ရွယ်ထားသည့် လေယာဉ်အရွယ်အစား၏ (၈.၅)ရာခိုင်နှုန်းသာရှိပြီး အလေးချိန် ပေါင်(၅၀၀)ရှိသည်။ X-48Cဟု အမည်ပေးထားသော ဒီဇိုင်းသည် အမြင့်ပေ တစ်သောင်းအမြင့်ထိ တက်ရောက်ကာ (၃၅)မိနစ်ကြာ ပျံသန်းနိုင်ကြောင်း သိရသည်။ NASAသည် ယခုသီတင်းပတ်အတွင်း အဆိုပါ လေယာဉ်ဒီဇိုင်းငယ်ကို (၉)မိနစ်ကြာ ပျံသန်းစေပြီးနောက် ယင်းစမ်းသပ်မှုသည် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်ကြောင်း ကြေညာခဲ့သည်။ 
Planet

No comments:

Post a Comment