Saturday, August 4, 2012

Samsung က Galaxy S3 ၏ Search Function အားနည်းချက်ကိုပြုပြင်မည်


Samsung ကုမ္ပဏီသည် ၄င်းတို့ နောက်ဆုာံး mobile ထုတ်ကုန် ဖြစ်သည့် Galaxy S3 တွင် software ဆိုင်ရာ update တစ်ခုကိုအသုံးပြုစေရန်ဖြန့်ချိ ပေးခဲ့ရာတွင် မှားယွင်းမှု ရှိခဲ့ပြီး အဆိုပါ update software ကို install လုပ်လျှင် ဖုန်းအတွင်းရှိsearch function ကိုအလိုအလျောက် ဖျက် ပြီးသားဖြစ်သွားသည့်အချက်အား ဝန်ခံမှုပြုလုပ်သွားခဲ့ပြီး အဆိုပါ အားနည်းချက်ကိုလည်း ပြန်လည် ပြုပြင်မှု လုပ်သွားမည်ဟုလည်း ဆိုသွားခဲ့သည်။ အဆိုပါအားနည်းချက်မှာနိုင်ငံ တကာတွင်အသုံးပြုနိုင်သော version အမျိုးအစားဖုန်းတွင်သာဖြစ် ပွားခြင်းဖြစ်သည်။
“Stability update” ဟုခေါ်သော အဆိုပါsoftware မှာ S3 အတွင်းရှိ web၊ contacts၊apps နှင့် on-device material များကို search လုပ်နိုင်သည့်စနစ်ကို disable ဖြစ်သွားစေခြင်းဖြစ်သည်။ သတင်းတစ်ရပ်၏ဖော်ပြချက် တစ်ခုအရUKတွင်ရောင်းချသော Galaxy S3 အတွက်ရည်ရွယ်ထုတ် လုပ်လိုက်သည့်latest software upgrade တစ်ခုမှာuniversal search function ကိုဖယ်ထုတ်သွားစေသော အားနည်းချက်ပါရှိခဲ့သည့်ဟု ဖော် ပြထားသည်။
အဆိုပါဖော်ပြချက် ၌Samsungကုမ္ပဏီအနေဖြင့် လာ မည့်ရက်အနည်းငယ်အတွင်းမှာပင် ၄င်းတို့၏ softwareအားနည်းချက်ကို ပြုပြင်ကာ မှန်ကန်သည့် software upgrade ကိုပြန်လည်ထောက်ပံ့ပေး သွားမည်ဟုလည်း ဆိုထားသည်။ ထို့အပြင် Samsung မှာ အမေ ရိကန်တွင် ၄င်းတို့Galaxy Nexus နှင့်ပတ်သက်၍Apple နှင့်တရားရင် ဆိုင်နေရပြီး အဆိုပါအမှုကိုဝါရှင် တန်အခြေစိုက်တရားရုံးက ဩဂုတ် ၂၀ရက်၌စစ်ဆေးမည်ဖြစ်သည်။
Net Guide Journal

No comments:

Post a Comment