Googleသည် နည်းပညာပြိုင်ဘက် Apple၏ နာမည်ကျော်
iPhoneများတွင် ပါဝင်သော Siriကို တုံ့ပြန်ရန် စတင် စီစဉ်နေပြီဟု သတင်းများ
ထွက်ပေါ်လာခဲ့သည်။ Appleသည် အသံဖြင့် ထိန်းချုပ် ညွှန်ကြားနိုင်သော Siriကို
မိတ်ဆက်ခဲ့ရာ လူကြိုက်များသော Featureတစ်ခု ဖြစ်ခဲ့သည့်နောက် Googleသည်လည်း
အလားတူ စနစ်တစ်မျိုးကို ဖော်ထုတ်နိုင်ရန် ခြေလှမ်းပြင်လာခြင်း ဖြစ်သည်။
Googleသည် iOSအတွက် ၎င်းတို့ တီထွင်ထားသည့် Google Voice Searchကို
Siriကဲ့သို့ Appမျိုး ဖြစ်လာအောင် အဆင့်မြှင့်တင်သွားမည်ဟု သိရသည်။
သတင်းများက အဆိုပါ ဝန်ဆောင်မှုကို လာမည့်
ရက်အနည်းငယ်အတွင်း Downloadပြုလုပ် ရယူနိုင်ဖွယ် ရှိနေကြောင်း
ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့က Googleသည် iOSတွင် Voice Searchကို
ပိုမိုကောင်းမွန်သော မွမ်းမံမှုများ ပြုလုပ်သွားမည်ဟု ဗုဒ္ဓဟူးနေ့က
ကြေညာခဲ့သည်။ iOSပေါ်တွင် အသုံးပြနိုင်မည့် အသံထိန်းချုပ်စနစ်သုံး Appသည်
မြေပုံစနစ်များ၊ ရာသီဥတု အခြေအနေများနှင့် အခြားသော အချက်အလက်များကို
နှုတ်ဖြင့်မေးမြန်းသမျှ တုံ့ပြန်နိုင်မည်ဖြစ်သည်။ Appleသည် Siriကို အဆိုပါ
ဝန်ဆောင်မှု Appအဖြစ် အောင်အောင်မြင်မြင် ခြေလှမ်းစတင်ထားရာ Googleကလည်း
အလားတူ လုပ်ဆောင်လာခြင်း ဖြစ်သည်။
Google၏ အကြီးတန်း ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ
အေမစ်ဆင်ဟိုင်က Voice Searchကို ပိုမိုကောင်းမွန်အောင်
မွမ်းမံထားမည်ဖြစ်ပြီး မေးခွန်းကို နားလည်ဖမ်းယူနိုင်စွမ်းနှင့်
စကားပြန်လည် ဖြေဆိုရာတွင် ဝါကျပြည့်ပြည့်စုံစုံဖြစ်အောင်
အဆင့်မြှင့်ထားမည်ဟု Google၏ Official Blogတွင် ရေးသားထားသည်။ Googleသည်
၎င်းပိုင် Android OSတွင်လည်း အလားတူ Appမျိုး ထုတ်လုပ်ပြီး လွန်ခဲ့သော
သီတင်းပတ် အနည်းငယ်က Google Nowအတွက် Featureသစ်များ ဖြည့်တင်းပေးခဲ့ပြီး
ဖြစ်သည်။
Voice Searchကို အဆင့်မြှင့်တင်မှုနှင့် ပတ်သက်ပြီး "Microphone
iconလေးပေါ်မှာ နှိပ်ထားပြီး သူငယ်ချင်း တစ်ယောက်ကို မေးသလို ဒီအပတ်ထဲမှာ
ဘယ်ရုံမှာ ဘယ်ရုပ်ရှင်ဇာတ်ကား ပြမလဲဆိုတာကို မေးလိုက်ရုံပဲ။ ကိုယ့်အသံ
ဆုံးပြီး သိပ်မကြာခင်မှာပဲ မြန်မြန်ဆန်ဆန် ပြန်ဖြေပါလိမ့်မယ်"ဟုလည်း
Blogတွင် ရေးသားထားသည်။ Googleက အဆင့်မြှင့်လိုက်သော Voice Searchသည်
iPhone 4Sနှင့်အတူ ထွက်ပေါ်လာသော Siriကို ထိပ်တိုက် စိန်ခေါ်မှုတစ်ခု
ဖြစ်လာဖွယ် ရှိနေသည်။ iOSတွင် လက်ရှိ Voice Searchကို
ထည့်သွင်းထားသူများသည် မကြာမီတွင် အလိုအလျောက် Updateပြုလုပ်ရန်
ကမ်းလှမ်းမှုမျိုး ရလာနိုင်ကြောင်းလည်း သိရှိရသည်။
Planet
No comments:
Post a Comment