Sexiest Alive မင်းသမီးချော စာရင်း မှာ နှစ်ကြိမ် တိုင်တိုင် ဗိုလ်စွဲခွင့် ရခဲ့သူ ဟော လိဝုဒ် ငွေကြယ်ပွင့် ဂျင်နီဖာ အင်နက်စတန် ၄၃ နှစ်ဟာ အိမ်ထောင် ကျသွားပေမယ့် လည်း ရိုက်ကွင်းကိုတော့ အပျက်မခံသူ ပါလို့ ဟယ်လိုက ကောင်းချီးပေးလာတာ အကြောင်းရှိပါတယ်။
မကြာခင်မှာ ညှို့မင်း သမီးရဲ့ဇာတ်ကားသစ်We’re the Millers ကို
ရင်ခုန်ခွင့်ရတော့မှာဖြစ်ပြီး မချောလေး ဂျင်နီဖာဟာ လောကဓံကို အမှုမထားတတ် သူ
ကြေးစားအပျော်မယ်လေးအသွင်နဲ့ ပီပီ ပြင်ပြင် ခံစားရဦးမှာကို
ကြိုတင်ဖွပေးလိုက် ခြင်းပဲ ဖြစ်ပါတယ်။
Horrible Bosses မှာ လက်တွဲညီခဲ့သူ မင်းသား ဂျေဆင်ဆူဒီကီနဲ့ အတူ
တက်သစ်စမင်းသမီးချော အမ်မာ ရောဘတ်လည်း ပါဝင်ပီပြင်ထားတဲ့ Millers ဟာ
ဟာသဇာတ်မြူးတစ်ပုဒ် ဖြစ်ပြီး မက္ကဆီကို မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ခု
ရဲ့ အရှုပ်တော်ပုံထဲ ဘုမသိဘမသိ ညပ်ပါ သွားသူ ညဥ့်ငှက်မလေးရဲ့ ဘဝပုံရိပ်တွေပဲ
ဖြစ်ပါတယ်။ ဂျင်နီဖာ လန်းဆဲဆိုတာ သိခွင့် ရကြဦးမှာပါ။
Venus News

No comments:
Post a Comment