Wednesday, September 19, 2012
ကမ္ဘာ့ပထမဆုံး ရွှေငါးအလှပြိုင်ပွဲ တရုတ်နိုင်ငံတွင် ကျင်းပ
တရုတ်နိုင်ငံ ဖူကျိုးမြို့တွင် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ ရွှေငါးအလှပြိုင်ပွဲကို ပြီးခဲ့သည့် သီတင်းပတ်အကုန်က ကျင်းပခဲ့သည်ဟု သိရသည်။ အဆိုပါ ငါးအလှပြိုင်ပွဲ၌ နိုင်ငံပေါင်း (၁၄)နိုင်ငံမှ ရွှေငါးကောင်ရေ ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ငါးအလှပြိုင်ပွဲတွင် ဒိုင်လူကြီးများက ရွှေငါးများ၏ အရောင်၊ ရေကူးပုံ၊ ခန္ဓာကိုယ်အရွယ်အစား၊ မျိုးကောင်းမျိုးသန့်နှင့် အခြားအချက်အလက်များကို ကြည့်၍ ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ၁ ဒသမ ၇၅ ကီလိုဂရမ်ရှိသည့် ရွှေငါးကြီးတစ်ကောင်ကို ချန်ပီယံအဖြစ် ဒိုင်လူကြီးများက ရွေးချယ်ခဲ့ကြသည်။ ရွှေငါးမွေးမြူရေးသည် တရုတ်နိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ရွှေငါးမျာအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရရှိကြောင်း သိရသည်။
khitlunge

No comments:
Post a Comment