Friday, September 14, 2012

ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၁၀)အား ၀တ်ဆင်ကစားလိုကြောင်း ဟာဇာတ်ဒ်ဖွင့်ဟ

ကျောနံပါတ် (၁၀) ၀တ်ဆင်ကစားလို နေသည့် ဟာဇာတ်ဒ်
ချယ်လ်ဆီး အသင်း၏ ကစားသမားသစ် ဟာဇာတ်ဒ်သည် ယင်း၏ စံပြ ကစားသမား ဖြစ်သော ဇီဒန်း၏ ခြေရာကို နင်းနိုင်ရန် အတွက် ချယ်လ်ဆီး အသင်းတွင် ကျောနံပါတ် (၁၀)အား ၀တ်ဆင်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဇီဒန်းသည် ရီးရဲလ် အသင်း နှင့် ပြင်သစ် အသင်းများတွင် ကျောနံပါတ် (၁၀)အား ၀တ်ဆင် ကစားခဲ့ပြီး ဟာဇာတ်ဒ်မှ ယင်းနှင့် နှိုင်းယှဉ်နိုင်ရန် အတွက် ချယ်လ်ဆီး အသင်းတွင် ကျောနံပါတ် (၁၀)ကို ၀တ်ဆင် ကစားလိုသော်လည်း မာတာမှ ၎င်းနံပါတ်အား ၀တ်ဆင် ကစားနေခြင်းကြောင့် နံပါတ် (၁၇)သာ ၀တ်ဆင်ခဲ့ရခြင်း ဖြစ်သည်။
“ကျွန်တော် နံပါတ် (၁၀)ကို အမြဲတမ်း ကြိုက်ခဲ့ပါတယ် ဘာလို့လည်း ဆိုတော့ အဲဒါက ဇီဒန်း ၀တ်ဆင်ခဲ့လို့ပါ၊ သူဟာ ကျွန်တော့်ရဲ့ စံပြ ကစားသမားပါ သူလို့ကစားဖို့ အတွက် ကျွန်တော် အမြဲတမ်း လိုချင်ခဲ့ပါတယ်”ဟု ဟာဇာတ်ဒ်မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment