Friday, September 28, 2012

အနောက်နိုင်ငံများက ဆန့်ကျင်ပိတ်ဆို့မှုများကို ရုပ်သိမ်းပါက ယူရေနီယံသန့်စင်မှုကို အီရန်ရပ်တန့်မည်


အနောက်နိုင်ငံများက အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် ဆန့်ကျင်ပိတ်ဆို့မှုများကို ဖျက်သိမ်းပေးမည်ဆိုပါက အီရန်နိုင်ငံ၏ ယူရေနီယံ သန့်စင်ခြင်း လုပ်ငန်းကို ရပ်တန့်မည်ဖြစ်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီဆိုင်ရာ အီရန်နိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် အလီအက်ရှ်ဟာဆိုတာနီးယောက ပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏ နျူကလီးယား ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူး ဆာအက်ဒ်ဂျာလီလီနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြီးအကဲ ကတ်သရင်းအက်ရှ်တန်တို့နှစ်ဦးသည် ယခုလအစောပိုင်းတွင် အစ္စတန်ဘူးလ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲအတွင်း ၄င်းတို့နှစ်ဦး၏ သဘောတူညီမှုသည် အီရန်နှင့် အနောက် အုပ်စုများအကြား ဆက်ဆံရေး ပြေလည်မှု ရရှိစေမည်ဖြစ်ကြောင်း အက်ရှ်တန်က ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment