Monday, September 24, 2012

လက်ဆွဲနှုတ်ဆက်ရန် ဆွာရက်ဇ်ကို တိုက်တွန်းခဲ့သည့် ဂျာရတ်

ဆွာရက်ဇ်မှ လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့စဉ်
လီဗာပူးလ် အသင်းခေါင်းဆောင် ဂျာရတ်သည် အသင်းဖော် ဆွာရက်ဇ်အား ယနေ့ညတွင် တွေ့ဆုံယှဉ်ပြိုင်ရမည့် မန်ယူ အသင်းနှင့် ပွဲစဉ်တွင် ပြိုင်ဘက် အသင်း၏ နောက်ခံလူ အီဗရာအား လက်ဆွဲနှုတ်ဆက်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။
ဆွာရက်ဇ်သည် ယမန်နှစ် ဘောလုံးရာသီက အီဗရား လူမျိုးရေးခွဲခြားသည် အသုံးအနှုန်းများဖြင့် လှောင်ပြောင်ခဲ့ခြင်းကြောင့် (၈)ပွဲပယ် ပြစ်ဒဏ်ကျခဲ့ပြီး ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာချိန်တွင် ကစားခဲ့ရသည့် မန်ယူ အသင်းနှင့် ပွဲစဉ်တွင် အီဗရာနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သူ ဖြစ်သည်။
ယနေ့ညတွင် ကစားရမည့် မန်ယူ နှင့် လီဗာပူးလ်တို့ ပွဲစဉ်တွင် ယင်းတို့နှစ်ဦး၏ ပွဲကြိုလက်ဆွဲနှုတ်ဆက်မှု အစီအစဉ်ကို လူအများက စိတ်ဝင်စားနေပြီး ဂျာရတ်မှ ဆွာရက်ဇ် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်နေမည်ကို စိုးရိမ်နေပြီး ထိုသို့ ပြုလုပ်ခြင်း မပြုရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
“သူတို့နှစ်ဦးကို အဓိကကျတဲ့ ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က ဆွာရက်ဇ်ကို လက်ဆွဲနှုတ်ဆက်ဖို့နဲ့ ပွဲကိုကောင်းကောင်း ကစားဖို့ အကြံပြု ပြောဆိုခဲ့ပါတယ်။ ဆွာရက်ဇ်က သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တဲ့ ပြုလုပ်ပါလိမ့်မယ်”ဟု ဂျာရတ်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဂျာရတ်သည် အဆိုပါ ပွဲစဉ်တွင် မန်ယူ အသင်းခေါင်းဆောင် ဗီဒစ်နှင့်အတူ ဟေးလ်ဘရော့ ဖြစ်ရပ်ဆိုမှ သေဆုံးသွားခဲ့သည့် လီဗာပူးလ် ပရိသတ် (၉၆)ဦးကို လွမ်းဆွတ်သော အထိမ်းအမှတ် အဖြစ် မိုးပျံပူပေါင်း (၉၆)ကို လွှတ်တင်မည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment