ပါကစ္စတန်နိုင်ငံ၌ ရေကြီးမှုများဖြစ်ပွား ၁၃၆ ဦးသေဆုံး
ပါကစ္စတန်နိုင်ငံ၌
လွန်ခဲ့သော ၂၂ရက်ကျော်အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ရေကြီးမှုများ ဖြစ်ပေါ် ခဲ့ရာ ဒေသခံပြည်သူ ၁၃၆ ဦး သေဆုံးခဲ့ပြီး အခြား ၁၈၂
ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုဒဏ်ကို အဆိုးဆုံး
ခံခဲ့ရသည့် ပြည်နယ်မှာ နိုင်ငံတောင်ပိုင်းရှိ ဆင်းပြည်နယ်ဖြစ်ပြီး
ယင်းပြည်နယ်အတွင်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် မတော်တဆမှုများကြောင့်
ဒေသခံ ၃၃ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ရှီကာပူခရိုင်ရှိ နေအိမ်များနှင့် ဒေသနေပြည်သူများ
ရေစီးကြောင်းအတွင်း မျောပါခဲ့ပြီး ၁၅ ဦးသေဆုံး၍ ၇၀ ကျော် ဒဏ်ရာရရှိကာ
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
khitlunge
No comments:
Post a Comment