မြောက်ကိုရီးယား ကြွေးမြီများ ရုရှားပယ်ဖျက်
ရုရှားနိုင်ငံသည်
မြောက်ကိုရီးယား နိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီများ၏ အများစုကို
လျှော်ပစ် လိုက်ပြီဖြစ်ကြောင်း အေပီ သတင်းဌာနက စက်တင်ဘာ ၁၈ ရက်တွင် ဖော်ပြ
သည်။ မြောက်ကိုရီးယား နိုင်ငံနှင့် ကြွေးမြီ စာချုပ်ကို လက်မှတ်ရေးထိုး
ခဲ့ကြောင်း ရုရှားဘဏ္ဍာရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားသည်။
မြောက်ကိုရီးယားအပေါ် ဆိုဗီယက်ခေတ်၌ တင်ရှိခဲ့သော ကြွေးမြီများ၏ ၉၀
ရာခိုင်နှုန်းကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသော
ကြွေးမြီ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို ပြုံယမ်း၌ အကောင်အထည်ဖော်လျက်ရှိသည့်
နှစ်နိုင်ငံ ပူးတွဲဖွံ့ဖြိုးရေး စီမံကိန်းများတွင်
ထည့်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်သည်
နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန် အခြေအနေများ
ဖန်တီးပေးနေကြောင်း သိရသည်။
khitlunge
No comments:
Post a Comment