Wednesday, September 19, 2012

ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းမှာ အတွေ့အကြုံ နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု ဒီဇီကိုဖွင့်ဟ

အတွေ့အကြုံ နည်းပါးခြင်းကြောင့် ရှုံးရခြင်းဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည့် ဒီဇီကို 
ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်တွင် ရီးရဲလ် အသင်းအား ပွဲပြီးဆုံးရန် (၅)မိနစ် ကျန်ရှိနေသည့် အချိန်ထိ ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ အတွေ့အကြုံ နည်းပါခြင်းကြောင့် ဖြစ်သည်ဟု မန်စီးတီး အသင်း၏ တိုက်စစ်မှူး ဒီဇီကိုမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဒီဇီကိုမှ “ကျွန်တော်တို့ (၁-၀)နဲ့ ဦးဆောင်နိုင်ခဲ့တယ် ပြီးတော့ (၂-၁)နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ် ဒါပေမယ့် ဒီဦးဆောင်ဂိုး နှစ်ဂိုးဟာ နောက်ဆုံးတော့ အရှုံးနဲ့လဲလိုက် ရပါတယ်။ ဒါဟာ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိလို့လို့ ပြောလို့ရပါတယ်”ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment