Tuesday, September 18, 2012

ဆန်နီနိုကို ထုတ်ပယ်၍ ဂတ်စ်ပီရီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည့် ပါလာမို

ထုတ်ပယ်ခံခဲ့ရသည့် ဆန်နီနို
ပါလာမို အသင်းသည် နည်းပြ ဆန်နီနိုအား ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် အဖြစ် ဂတ်စ်ပီရီနီအား ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။
ပါလာမို အသင်းအား ဇွန်လတွင် စတင်ကိုင်တွယ်ခဲ့သည့် ဆန်နီနိုသည် အသင်းအား (၃)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး (၂)ပွဲဆက်တိုက် (၃-၀)ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခုလို ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။
“ဆန်နီနိုကို ပထမ အသင်းရဲ့ နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပါပြီ။ တစ်ချိန်တည်းမှာပဲ ဂတ်စ်ပီရီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး သူဟာ အသင်းကို အင်္ဂါနေ့က စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်”ဟု ပါလာမို အသင်းမှ ကြေငြာခဲ့သည်။
ဂတ်စ်ပီရီနီသည် ဂျူဗင်တပ် လူငယ်အသင်းတွင် အောင်မြင်မှု ရယူနိုင်ခဲ့ပြီးနောက် ဂျီနိုအာ အသင်းအား (၂၀၀၆) မှ (၂၀၁၀)ထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းအသင်းတွင် (၅)ပွဲသာ ကိုင်တွယ်နိုင်ခဲ့ပြီး ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment