Thursday, September 20, 2012

အဆီပါသော အစားအစာများက ဦးနှောက်ကို ပျက်စီးစေနိုင်


ပြည့်ဝ ဆီကြွယ်ဝစွာ ပါဝင်သော အစားအစာ များက ဦးနှောက် အတွင်းရှိ လူ တစ်ယောက်၏ အစာစားချင် စိတ်ကို ထိန်းညှိပေးသော နေရာအား ပျက်စီးစေနိုင်ကြောင်း လေ့လာမှု တစ်ခုမှ တွေ့ရှိ ထားပါတယ်။
ဦးနှောက်ရဲ့ အောက်ခြေမှာရှိ သော ဟိုက်ပိုသားလမတ်စ်လို့ခေါ်တဲ့ နေရာက လူတွေစားသုံးသော အစား အစာ၏ ပမာဏနှင့် စွမ်းအင်သုံးစွဲမှု ကို ထိန်းချုပ်ပေးပါတယ်။ အဝလွန်သူ များတွင် ဤထိန်းချုပ်မှု ပျက်ပြား သွားပြီး အလုပ်မလုပ်တော့တဲ့အတွက် အစားတွေ ပိုစားမိခြင်းဖြစ်ပါတယ်။
ကြွက်များဖြင့် စမ်းသပ်မှုအရ အဆီမြင့် မားသော အစားအစာများက ဟိုက်ပို သားလမတ်စ်ကို ထိခိုက်ဒဏ်ရာဖြစ် စေကြောင်း သိရပါတယ်။ ထိုမှတစ်ဆင့် စွမ်းအင်ထိန်းညှိမှု ပျက်ပြားသွား ပြီး ကိုယ်အလေးချိန်တက်လာကာအဝလွန်ရခြင်းဖြစ်ပါတယ်။
မောင် Ref: Healthcare Asia.
Health Digest

No comments:

Post a Comment