Saturday, September 29, 2012
သမ္မတ ဦးသိန်းစိန်ကို ကချင်တွေ ဆန္ဒပြ
သမ္မတ ဦးသိန်းစိန် ကုလ သမဂ္ဂ မိန့် ခွန်း ပြောအပြီး အမေရိကန် လုပ်ငန်းရှင်တွေ နဲ့ နယူးယော့ မြန်မာ မစ်ရှင်ရုံးမှာ တွေ့ ခိုက် အင်အား ၄ဝ လောက်ရှိတဲ့အမေရိကန် ရောက် ကချင် လူမျိုးတွေ ဆန္ဒပြကြပါတယ်။
ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေး နဲ့ စစ်မှန်တဲ့ တွေ့ ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေး ဆန္ဒပြရကြောင်း ဆန္ဒပြ ခေါင်းဆောင် တဦး ဖြစ်တဲ့ဘရန်ဆိုင်း က ဘီဘီစီ ကို ပြောပါတယ်။
သမ္မတ နဲ့ အတူရှိနေကြတဲ့ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ လဝက ဝန်ကြီး နှစ်ဦး က ဆန္ဒပြ ခေါင်းဆောင်တွေ ကို မစ်ရှင်ရုံးအတွင်း ခေါ်ယူ ဆွေးနွေးကြပါတယ်။ကချင်ဆန္ဒပြသူတွေကသမ္မတထံစာတစောင် ပေးလိုက်သလို ကချင်ပြည်နယ် အတွင်းလူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ရပ်ဆိုင်းသွား စေရေး တင်ပြကြပါတယ်။
ဝန်ကြီး နှစ်ဦး ကလည်း အတွင်းမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ ဆွေးနွေး နေတဲ့ အတွက် ဧည့်သည် တွေ ကြား အထင်လွဲ နိုင်ကြောင်း၊သမ္မတ ကြီး အနေနဲ့ အကောင်းဆုံး ဆောင်ရွက် နေကြောင်း ရှင်းပြ ခဲ့တယ်လို့ပါဝင်ဆွေးနွေး ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆာင်၊ သမ္မတ အကြံပေး ဦးလှမောင်ရွှေ
က ဘီဘီစီ ကို ပြောပါတယ်။
BBC

No comments:
Post a Comment