Friday, September 21, 2012

မာကာ အယ်ဒီတာအား တရားစွဲဆိုခဲ့သည့် မော်ရင်ဟို

မာကာသတင်းစာအား တရားစွဲဆို ခဲ့သည့် မော်ရင်ဟို
မော်ရင်ဟိုသည် ယင်းနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်တွင် မမှန်ကန်သည့် အကြောင်းအရာများ ဖော်ပြမှုဖြင့် မာကာ သတင်းစာ၏ အယ်ဒီတာ ဖြစ်သူ ပါလိုမာအား တရာမကြောင်း အရ တရားစွဲမှု ပြုလုပ်ခဲ့သည်။
ပါလိုမာသည် စက်တင်ဘာလ (၁၇)ရက်နေ့မှ ပုံနှိပ်ထုတ်ဝေခဲ့သည့် စာစောင်တွင် မော်ရင်ဟိုအား “ကားတစ်စီးကို ပျက်စီအောင် ဖျက်စီးပြီးနောက် ထွက်ခွာသွားသော လူစားမျိုး”အဖြစ် ဖော်ပြရေးသားခဲ့သည်။
မော်ရင်ဟိုမှ ပါလိုမာသည် စကားလုံး ရွေးချယ်မှုကို ဂရုစိုက်ပြုလုပ်ခြင်း မရှိပဲ ယင်းအား နစ်နာစေသည်ဟု ယူဆခဲ့ပြီး မာကာ သတင်းစားအား တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခင်ကလည်း မော်ရင်ဟိုသည် ယင်းအား “ပေါ်တူဂီ နာဇီ”ဟု ခေါ်ဝေါ်ခဲ့သည့် El Pais သတင်းစာ၏ ဂျာနယ်လစ် ဖြစ်သူ ဘိုဗီယားအား တရားစွဲဆို ခဲ့ဖူးသည်။ 
soccer weekly

No comments:

Post a Comment