Thursday, September 13, 2012

လီဗာပူးလ်အသင်းအား ပြန်လည်ကိုင်တွယ်ခွင့် ရရှိရန် ဘင်နီတက်ဇ်မျှော်လင့်ခဲ့

လီဗာပူးလ် အသင်းသို့ တစ်ကျော့ပြန်လာရန် မျှော်လင့်ခဲ့သည့် ဘင်နီတက်ဇ်
လီဗာပူးလ် အသင်း၏ နည်းပြဟောင်း ဖြစ်သူ ဘင်နီတက်ဇ်သည် လီဗာပူးလ် အသင်းမှ နည်းပြ ဒဲလ်ဂလစ်ရှ်အား ထုတ်ပယ် ခဲ့ပြီးနောက် ယင်းအား ဆက်သွယ်ခဲ့ခြင်း မရှိမှုအပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဘင်နီတက်ဇ်သည် လီဗာပူးလ် အသင်းကို ကိုင်တွယ်ခဲ့သည့် ကာလအတွင်း ချန်ပီယံလိဂ် ဖလား နှင့် အက်ဖ်အေ ဖလားတို့ကို ရယူပေးခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သူ ဖြစ်ပြီး ယင်းမှ သူရယူပေးခဲ့သည့် အောင်မြင်မှုများ အပေါ် ပြန်လည် ကြည့်ရှု၍ ဒဲလ်ဂလစ်ရှ်၏ နေရာတွင် အစားထိုး ခန့်အပ်မည်ဟု ယူဆခဲ့ခြင်းလည်း ဖြစ်သည်။
“ချဉ်းကပ်ခြင်း မခံခဲ့ရတော့ ကျွန်တော် အံ့အားသင့်မိ ပါတယ်၊ ကျွန်တော်က ကလပ်၊ ကစားသမား၊ အကယ်ဒမီ နဲ့ အတွေ့အကြုံတွေ အများကြီး သိရှိနားလည်ထားသူပါ၊ အသင်း ပရိသတ်တွေကလည်း အတွေးအခေါ်ပေါ်မှာ အကောင်းမြင်ကြပါတယ်”ဟု ဘင်နီတက်ဇ်မှ ပြောကြားခဲ့သည်။
လီဗာပူးလ် အသင်းသည် နည်းပြသစ် ရော်ဂျာ၏ လက်ထက်တွင် ခြေစွမ်းပိုင်း ကျဆင်းနေပြီး ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်တွင် (၁)မှတ်သာ ရယူထားနိုင် ခဲ့သည်။
soccer weekly

No comments:

Post a Comment