Thursday, September 13, 2012
မြေကမ္ဘာ လေ့လာရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်မည်
မြေကမ္ဘာ လေ့လာရေးဂြိုဟ်တု တစ်လုံးအား တင်ဆောင်ထားသည့် ဒုံးပျံတစ်စင်းကို လာမည့်လတွင် လွှတ်တင် မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာ သည်။ တောင်ကိုရီး ယားနိုင်ငံသည် ၎င်း၏ ပိုင်နက်နယ်မြေ အတွင်းမှနေ၍ ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန် ကြိုးပမ်းခြင်းမှာ တတိယအကြိမ် ဖြစ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြား သည်။ မြောက်ကိုရီး ယားနိုင်ငံသည် ၎င်း၏ ကိုယ်ပိုင်ဒုံးပျံယာဉ် တစ်စင်းကို လွှတ်တင်ရန် ကြိုးပမ်းမှုအတွက် ကမ္ဘာ့နိုင်ငံများက ဝေဖန်ပြော ဆိုမှုများ ပေါ်ထွက်လာခဲ့အပြီး ငါးလအကြာတွင် တောင်ကိုရီးယား သိပ္ပံဝန်ကြီးဌာနက အထက်ပါအတိုင်း ထုတ်ပြန်ကြေ ညာခြင်းဖြစ်သည်။ နာရိုဒုံးပျံယာဉ်ကို အောက်တိုဘာ ၂၆ ရက်မှ ၃၁ အထိ ဖြစ်သော ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းပင်လယ် ကမ်းရိုးတန်းဒေသရှိ အာကာသစခန်းမှ လွှတ်တင်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
khitlunge

No comments:
Post a Comment