Saturday, September 22, 2012

စပါးစ်အသင်း၏ သွင်းဂိုးများကို ခွင့်မပြုခဲ့၍ စိတ်ဆိုးဒေါသထွက်နေသည့် ဒမ်ဆေး နှင့် ကော်လူကာ

ငြင်းပယ်ခံခဲ့ရသည့် ဒမ်ဆေး၏ သွင်းဂိုး
စပါးစ် အသင်း၏ တိုက်စစ် ကစားသမား ဒမ်ဆေးသည် လာဇီယို အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်တွင် ယင်း၏ သွင်းဂိုးတစ်ဂိုးအား လူကျွံ့ဘော အဖြစ် သတ်မှတ်ခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အသက် (၂၉) နှစ် အရွယ်ရှိ ဒမ်ဆေးသည် ယမန်နေ့ညက ပွဲစဉ်တွင် စပါးစ် အသင်း အတွက် ပထမဆုံး အကြိမ်အဖြစ် ပွဲထွက် ကစားခွင့်ရခဲ့သူ ဖြစ်သည်။ “ကျွန်တော်က တစ်ပြေညီတည်မှာ ရှိနေတယ်လို့ ထင်ပါတယ်။ ဘေးလ်ရဲ့ ဖန်တီးမှုက ကောင်းခဲ့သလို ကျွန်တော် အဆုံးသတ်ပြီးတဲ့ အချိန်မှာ ပထမဆုံး ငါ့ရဲ့သွင်းဂိုးကို ရပြီလို့ ထင်ခဲ့ပေမယ့် လူကျွံ့နေခဲ့ပါတယ်။”ဟု ဒမ်ဆေးမှ ပြောကြားခဲ့သည်။
စပါးစ် အသင်း၏ ကစားသမား တစ်ဦးဖြစ်သည့် ကော်လူကာသည်လည်း ယင်း၏ ခေါင်းတိုက်သွင်းဂိုးကို ခွင့်ပြုသင့်သည်ဟု ယူဆနေပြီး ကွင်းလယ်ဒိုင် ဟာတီဂန်၏ ငြင်းပယ်ခဲ့ခြင်း အပေါ် စိတ်ဆိုးဒေါသထွက် နေကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment