Wednesday, September 5, 2012

ရာစုနှစ်တစ်ခုနီးပါး ရေခဲများဖုံးလွှမ်းနေခဲ့သည့် ပထမကမ္ဘာစစ်ကြီးအတွင်းက လက်နက်များ အီတလီ၌တွေ့ရှိ


ရေခဲမြစ် အရည်ပျော်ကျခြင်းကြောင့် ရာစုနှစ် တစ်ခုနီးပါး ရေခဲများဖုံးလွှမ်းနေသည့် ပထမ ကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လက်နက်ခဲယမ်းများကို အီတလီမြောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၂ ရက်နေ့က သိရသည်။ အဆိုပါ စစ်ကျန်လက်နက်ခဲယမ်း အမျိုးအစားပေါင်း ၂၀၀၀ ကျော်ကို အီလတီမြောက်ပိုင်း ထရန်တီနို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ အမြင့်ပေ ၃၂၀၀ မီတာရှိသော အေဂိုဒီနာ ဒဏ် တောင်ပေါ် တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိခဲ့သည့် လက်နက်များသည် အကျယ်အ၀န်းအားဖြင့် ၁၀၀ စတုရန်းမီတာ အတွင်း၌ ပြန့်ကျဲနေပြီး ၁၉၁၅ ခုနှစ်နှင့် ၁၉၁၈ ခုနှစ်တို့အကြား အီတလီနှင့် သြစတြီးယား-ဟန်ဂေရီနိုင်ငံတို့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အသုံးပြုထားသော လက်နက်များဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ လက်နက်ခဲယမ်းများကို ဖယ်ရှားရှင်းလင်းရေးအတွက် ကျွမ်းကျင်သူများက စီစဉ်လျက်ရှိသည်။
khitlunge

No comments:

Post a Comment