Thursday, September 6, 2012

လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သည့် ၀ီလ်ရှိုင်းယား

ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့သည့် ၀ီလ်ရှိုင်းယား
အာဆင်နယ် အသင်း၏ ကွင်းလယ် ကစားသမား ၀ီလ်ရှိုင်းယားသည် အသင်းနှင့် အတူ လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်လာနိုင်ပြီ ဖြစ်ကာ နောက်အပတ်တွင် ပြန်လည် ကစားနိုင်ရန် ရှိနေသည်။
ဝီလ်ရှိုင်းယားသည် ခြေကျင်းဝတ်၊ ခြေဖ၀ါး နှင့် ဒူးဒဏ်ရာများကြောင့် ဘောလုံး ကစားခြင်းမှ (၁၃)လတာ အနားယူနေရသူ ဖြစ်ပြီး ယခုအခါတွင်း ကြံ့ခိုင်မှု ပြန်လည်ရရှိလာပြီ ဖြစ်ကာ အသင်းနှင့် ပွဲထွက် ကစားနိုင်ရန် အတွက် လေ့ကျင့်ခန်းများ ပြုလုပ်နေပြီ ဖြစ်သည်။
ဝီလ်ရှိုင်းယား ပြန်လည် ကစားနိုင်မည် ဆိုသော သတင်းမှာ ဆောင်း၏ နေရာတွင် လူစားထိုးခဲ့ခြင်း မရှိသည့် နည်းပြ ၀င်းဂါးအတွက် သတင်းကောင်း တစ်ပုဒ်ဖြစ်ခဲ့ပြီး ၀င်းဂါးသည် ၀ီလ်ရှိုင်းယား ပြန်လည် ကစားနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဘာစီလိုနာ အသင်းသို့ ပြောင်းသွားသည့် ဆောင်း၏ နေရာတွင် လူစားထိုးခြင်း မရှိပဲ စောင့်နေခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment