Wednesday, September 26, 2012

ဗြိတိန်မှ ပါကစ္စတန်အထိ ကားများ တိုက်ရိုက်မောင်းနှင်နိုင်တော့မည်


ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ပါကစ္စတန်နိုင်ငံ မီရာပူရာခရိုင်အထိ ဖြတ်သန်းကာ မိုင် ၄၀၀၀ ခန့်ရှည်သော မော်တော်ကားလမ်း ဖောက်လုပ်မှုကြောင့် ဘတ်စ်ကားများ တိုက်ရိုက်မောင်းနှင် သွားလာနိုင်တော့မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက စက်တင်ဘာ ၂၅ ရက်တွင် ဖော်ပြသည်။ အဆိုပါ မော်တော်ကားလမ်းသည် ဗြိတိန်၊ တူရကီ၊ အီရန်နှင့် ပါကစ္စတန် နိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ခုနစ်နိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခြင်းဖြစ်သည်။ ၄င်းကားလမ်းသည် ကမ္ဘာပေါ်တွင် အရှည်ဆုံး ကားလမ်းတစ်လမ်း ဖြစ်လာမည်ဖြစ်သည်။ ယင်းကားလမ်းကြောင့် ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှ  ပြည်သူများသည် ကတ်ရှ်မီးယားဒေသအထိ မော်တော်ကားဖြင့် တိုက်ရိုက်ခရီးသွားလာနိုင်ကြမည်ဖြစ်သည်။ တစ်ဖန် ၄င်းကားလမ်းဖြတ်သန်းရာ နိုင်ငံများရှိ ခရီးသွားပြည်သူများလည်း ကားဖြင့် ခရီးသွားရာတွင် အဆင်ပြေစေမည်ဖြစ်သည်။ ထို့အပြင် ယင်းကားလမ်းတွင် ဗြိတိန်မှ ပါကစ္စတန်အထိ တိုက်ရိုက်ဘတ်စ်ကား ခရီးစဉ်များလည်း ရှိလာမည်ဖြစ်ရာ ပြည်သူများအတွက် ခရီးသွားလာရေး များစွာ အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ ၄င်းကားလမ်းသည် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီး မြို့တစ်မြို့ကိုလည်း ဖြတ်သန်းမည်ဖြစ်သည်။
khitlunge

No comments:

Post a Comment