Friday, September 14, 2012

ရုရှားအရှေ့ပိုင်း၌ လေယာဉ်ပျက်ကျ၊ ၁၀ ဦး သေဆုံး


ရုရှားနိုင်ငံအရှေ့ပိုင်း ကမ်ချက်ကာ ကျွန်းဆွယ်ဒေသတွင် စက်တင်ဘာ ၁၂ ရက်က လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ၁၀ ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနမှ ပြောကြားသည်။ Antonov-28 အမည်ရှိ အဆိုပါလေယာဉ်သည် မော်စကိုမြို့ အရှေ့ဘက် ကီလိုမီတာ ၆၈၀၀ ခန့်အကွာ ကမ်ချက်ကာ ကျွန်းဆွယ်အရှေ့ပိုင်း ပါလာနာမြို့အနီး၌ ယင်းနေ့ မော်စကိုစံတော်ချိန် နံနက် ၁၂ နာရီ ၂၈ မိနစ်၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ် ဝန်ကြီးဌာနမှ ပြောကြားသည်။ အင်ဂျင်နှစ်လုံးတပ် အဆိုပါလေယာဉ်သည် ကလေးငယ်နှစ်ဦးနှင့် လေယာဉ် ဝန်ထမ်းနှစ်ဦး အပါအဝင် ၁၄ ဦးအား တင်ဆောင်ပျံသန်းလာစဉ် ထိုသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်သည် အရေးပေါ် ဆင်းသက်စဉ် အင်ဂျင်ချွတ်ယွင်းမှုကြောင့် ထိုသို့ ပျက်ကျခြင်းဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ လေဆိပ် အရာရှိများက အင်တာဖက်သတင်းဌာနသို့ ပြောကြားခဲ့သည်။
khitlunge

No comments:

Post a Comment