Wednesday, September 5, 2012

ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည်စခန်းကို အစ္စရေးလေကြောင်းမှ တိုက်ခိုက်


အစ္စရေး တိုက်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည် စခန်းကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိပါလက်စတိုင်း ဒုက္ခသည် ၆၆၀၀၀ ကျော် နေထိုင်လျက်ရှိသည့် ဒုက္ခသည် စခန်းတစ်ခုဖြစ်သော နူစီးရိတ် ဒုက္ခသည်စခန်းအား အစ္စရေး တိုက်လေယာဉ်များက စက်တင်ဘာ ၂ ရက် နှောင်းပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို အတိအကျ မသိရှိရသေးကြောင်း သိရသည်။ အစ္စရေးတပ်ဖွဲ့သည် ကာကွယ်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဂါဇာကမ်းမြောင်ဒေသအား မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ဒေသခံ ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုမှာ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
khitlunge

No comments:

Post a Comment