Wednesday, September 26, 2012
ကမ္ဘောဒီးယား၌ ဂျပန်ရှောပင်းမောဆောက်မည်
ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော အကြီးဆုံး ရှောပင်းမော ကုမ္ပဏီကြီးဖြစ်သည့် အေအီးအိုအင်န်မောက ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ၍ လေးထပ်ရှောပင်းမောကြီးကို ဖနောင်ပင်မြို့၌ ဒီဇင်ဘာလတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။ အဆိုပါ ရှောပင်းမောသည် ခေတ်အမီဆုံးနှင့် အကြီးဆုံးဈေးကြီး ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနား၌ ဟွန်ဆင်က ပြောကြားခဲ့သည်။ ၄င်းရှောပင်းမောကို ဖနောင်ပင်မြို့ ချန်ကာဖွန်ခရိုင် မြစ်ကမ်းဘေးတစ်လျှောက် အကျယ်စတုရန်းမီတာ ၁၀၀၀၀၀ ရှိ မြေပေါ်၌ ဒီဇင်ဘာ ၁၀ ရက်မှစပြီး ဆောက်လုပ်သွားမည်ဟု သိရသည်။ ၄င်းရှောပင်းမောကို ၂၀၁၄ ခုနှစ်တွင် အပြီးတည်ဆောက်ပြီး အလုပ်အကိုင် ၂၀၀၀ မှ ၃၀၀၀ အထိ ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment