Thursday, September 20, 2012

ပြိုင်ပွဲအရပ်ရပ်တွင် ပါဝင်ကစားခွင့် နှစ်လပိတ်ပင်ခံခဲ့ရသည့် လူဆာအို

နှစ်လပွဲပယ် ခံရသည့် လူဆာအို၏ လုပ်ရပ်
ဘင်ဖီကာ အသင်း၏ နောက်ခံလူ လူဆာအိုအား ပြိုင်ပွဲအရပ်ရပ်တွင် ပါဝင်ယှဉ်ပြိုင် ကစားခွင့် နှစ်လပိတ်ပင် ခဲ့ကြောင်း ဖီဖာမှ ကြေငြာခဲ့သည်။
အသက် (၃၁)နှစ် အရွယ်ရှိ လူဆာအိုသည် အသင်း၏ ရာသီကြို ခြေစမ်းပွဲစဉ်တွင် ဒိုင်လူကြီးအား တိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်း ပြိုင်ပွဲများတွင် နိုဝင်ဘာလ (၁၄)ရက်နေ့ထိ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံထားရသူ ဖြစ်သည်။
ယနေ့တွင် ဖီဖာမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်အရ ယင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲ အပါအ၀င် ဘရာဇီး အသင်း၏ ပွဲစဉ်များတွင်ပါ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ကြောင်း သိရသည်။ ယခုကြေငြာချက် အရ လူဆာအိုသည် ဘင်ဖီကာ အသင်း၏ ချန်ပီယံလိဂ် ပြိုင်ပွဲ (၄)ပွဲနှင့် လွှဲချော်မည် ဖြစ်သည်။
soccer weekly

No comments:

Post a Comment