Monday, September 17, 2012
ဗြိတိန်နိုင်ငံ၏ နျူကလီးယားဒဏ်ခံနိုင်သည့် ဘန်ကာမြေအောက် အနက်ပေ ၁၀၀ တွင် တည်ဆောက်ထား
ဗြိတိန်နိုင်ငံရှိ အမှတ် ၃၄၅ ပူးပေါင်းတပ်ဖွဲ့၏ နျူကလီးယားဒဏ် ခံနိုင်သည့် ဘန်ကာတစ်ခုကို လန်ဒန်မြို့ ဆင်ခြေဖုံးရှိ နော့သ်ဝုဒ်အရပ်ရှိ တောင်စောင်းအောက် ပေ ၁၀၀ အနက်တွင် တည်ဆောက်ထားကြောင်း သိရသည်။ အဆိုပါ အခန်းမှနေ၍ နျူကလီးယားလက်နက်များ သယ်ဆောင်ထားသည့် ရေငုပ်သင်္ဘောများကို ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နျူကလီးယား လက်နက်တပ်ဆင်ထားသည့် Vanguard အမျိုးအစား ရေငုပ်သင်္ဘောလေးစင်းအနက်မှ တစ်စင်းသည် Trident IID-5 ဒုံးကျည်များကို သယ်ဆောင်ထားပြီး စဉ်ဆက်မပြတ် ကင်းလှည့်လျက်ရှိသည်။ ၄င်းဒုံးကျည်များသည် ထိပ်ဖူး ၁၂ ခုထိ သယ်ဆောင်နိုင်ပြီး ထိပ်ဖူးတစ်ခုစီသည် ဟီရိုရှီးမားတွင် အသုံးပြုခဲ့သည့် ဗုံးထက် ၈ ဆ ပိုမို အစွမ်းထက်ကြောင်း သိရသည်။ ၄င်းဘန်ကာ၏ အပူချိန်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားပြီး အဆောက်အအုံအတွင်းရှိ လေကိုပိုမို ဖိအားပေးထားသည့်အတွက် ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခံရပါက ထိခိုက်မည်မဟုတ်ကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်က Whitehall အောက်ရှိ ၄င်း၏ ဘန်ကာမှနေ၍ နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မှုပြုလုပ်ရန်အတွက် အဆိုပါ ဘန်ကာသို့ အမိန့်ပေးနိုင်ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment