Saturday, September 15, 2012

ရန်ကုန်တိုင်း (၁၄)မြို့နယ်တွင် (၄)ရက်ဆက် ရေဖြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပို့ပိုက်ကြီးများချို့ယွင်းမှုကြောင့်မြို့နယ်(၁၄)မြို့နယ်ခုအား ရေပေးဝေ
မှုခေတ္တဖြတ်တောက်သွားမည် ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေပေးဝေရေး
ဋ္ဌာနက သတင်းထုတ်ပြန်ထားသည်။
 
လှော်ကားရေပေးဝေရေးစခန်းမှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျက်ရှိသော အဓိကပိုက်မကြီး ချို့ယွင်းသွား   သောကြောင့် ပြန်လည်ပြင်ဆင်ရန်လိုအပ်သဖြင့် ခေတ္တရေပေးဝေမှုကို ဖြတ်တောက် ရခြင်းဖြစ်ပြီး အမြန်ဆုံး ရေပြန်လည်ပေးဝေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 လှာ်ကားကန်ကနေပြီး မြို့ထဲကို ပေးဝေနေတဲ့ အဓိက ရေပို့ပိုက်မကြီးချို့ယွင်းသွားတာကြောင့်မို့   ပြန်လည်ပြင်ဆင်ဖို့လို အပ်တာကြောင့် ခေတ္တရေပေးဝေမှုကို ဖြတ်တောက်ရမှာပါ။ အမြန်ဆုံး ပြင်ဆင် မှာဖြစ်ပြီး ပြင်ဆင်ပြီးတာနဲ့ တပြိုင်နက် ပုံမှန်အတိုင်း ရေပြန်လည်ပေးဝေသွားမှာပါ”ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီရေပေးဝေရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
ရေဖြတ်တောက်မှုအား စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၁၇) ရက်နေ့အထိ ခေတ္တဖြတ်တောက်သွားမည်ဖြစ်ပြီး   ပြည်သူများအနေဖြင့် ရေဖြတ်တောက်ထားချိန်အတွင်း တက်နိုင်သမျှချွေတာသုံးစွဲရန် လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။
 
 “တိုက်ခန်းနေတဲ့သူတွေအဖို့ကတော့ လွယ်မှာမဟုတ်ဘူး အဝတ်လျှော် ရေချိုး၊ထမင်းချက်တဲ့ နေရာမှာ အခက်အခဲဖြစ်လာမှာပဲ။ တတ်နိုင်သမျှ မြန်မြန် ပြုပြင်ပြီး အမြန်ဆုံး ရေပြန်လည် ပေးနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးဖို့   တောင်းဆိုချင်ပါတယ်”ဟု တာမွေမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။

ရပေးဝေမှု ခေတ္တဖြတ်တောက် ပြတ်တောက်သွားမည့် မြို့ နယ်များမှာ ကျောက်တံတားမြို့နယ်၊ သာကေတ မြို့ နယ်၊ လှိုင်သာယာမြို့နယ် ၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တစ်ထောင်မြို့နယ်များဖြစ်သည်။
ရန်နိုင်(မြစ်မခ)

No comments:

Post a Comment