Monday, September 17, 2012

တောင်ဆူဒန်ကြည်းတပ်က မော်တော်တစ်စင်းကို မှားယွင်းပတ်ခတ် တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၅၀ ပျောက်ဆုံးနေ


စက်တင်ဘာ ၁၅ ရက်က နိုင်းမြစ်အထက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ တာဝန် ထမ်းဆောင်သူများ စီးနင်းလိုက်ပါလာသော လှေငယ် တစ်စင်းကို ကြည်းတပ်က မှားယွင်းပြီး ပစ်ခတ်ရာ လှေပေါ်မှ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး၍ ၅၀ ပျောက်ဆုံးလျက်ရှိကြောင်း တောင်ဆူဒန်ကြည်းတပ်က စက်တင်ဘာ ၁၆ ရက်တွင်ေ ပြာကြားသည်။ အဆိုပါ မော်တော်သည် ဆူဒန်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ငှားရမ်း အသုံးပြုသော လှေငယ်တစ်စင်းဖြစ်ကြောင်း၊ ညပိုင်းတွင် ခုတ်မောင်းလာစဉ် ကြည်းတပ်က တားဆီးကြောင်း၊ ရပ်မပေးသဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် အဆိုပါ လှေငယ် နစ်မြုပ်သွားရာ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၍ ၅၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ ပျောက်ဆုံးနေသူများအား ကယ်ဆယ်ရေးတပ်ဖွဲ့များက အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။
khitlunge

No comments:

Post a Comment