Saturday, September 15, 2012

မန်ယူအသင်းနှင့် လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေသည့် ရွန်းနီ၊ ဗန်ပါစီ နှင့် ကာဂါဝါ

လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်နေသည့် ဗန်ပါစီ နှင့် ကာဂါဝါ
မန်ယူအသင်း၏ နည်းပြ ဖာဂူဆန်သည် သြဂုတ်လ အတွင်းက ဒဏ်ရာရရှိခဲ့သည့် တိုက်စစ်မှူး ရွန်းနီ၏ ဒဏ်ရာ အခြေအနေမှ ကောင်းမွန်သော အခြေအနေတွင် ရှိနေပြီး ပြန်လည် ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်ဟု အတည်ပြု ပြောဆိုခဲ့သည်။
ညာဘက်ပေါင်ပေါ်တွင် နက်နဲသော ခြစ်ရာတစ်ခု ဖြစ်ခဲ့ရသော်လည်း ရွန်းနီသည် လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်လာနိုင်ပြီ ဖြစ်သည်။ “ရွန်းနီက အကောင်းဆုံး လုပ်နေပါတယ်”ဟု ဖာဂူဆန်မှ ပြောကြားခဲ့သည်။
ရွန်းနီ၏ ဒဏ်ရာ ပြန်လည် ကောင်းမွန်လာခြင်းနှင့်အတူ နိုင်ငံပွဲစဉ်များတွင် ဒဏ်ရာရရှိခဲ့သည့် ဗန်ပါစီ နှင့် ကာဂါဝါတို့နှစ်ဦးမှာလည်း အသင်းနှင့် လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment