Saturday, September 1, 2012

၂၀၁၂ ခုနှစ် လန်ဒန် မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ စတင်


၂၀၁၂ ခုနှစ် လန်ဒန်မသန်စွမ်း အိုလံပစ်အားကစား ဖွင့်ပွဲကို သြဂုတ် ၂၉ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဗြိတိန်ဘုရင်မကြီး၊ မင်းသားဝီလျံနှင့် ၄င်း၏ ဇနီးအပါအ၀င် တော်ဝင်မိသားစုအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားဖွင့်ပွဲတွင် ဗြိတိန်နိုင်ငံ ပထမဆုံး မသန်စွမ်းအားကစား ရွှေတံဆိပ်ဆုရှင် အသက် ၈၄ နှစ်အရွယ်ရှိ မာဂရက်မော့ဂန်က မီးထွန်းညှိပေးခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို ပွဲကြည့်ပရိသတ် ၈၀၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို လန်ဒန်မြို့၌ ၁၁ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆၆ နိုင်ငံမှ အားကစားသမား ၄၃၀၀ ဦးခန့် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment