Wednesday, September 26, 2012

ဇာဗီ၏စာချုပ်သစ် အတွက် ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည့် ဘာစီလိုနာ

ဘာစီလိုနာ အသင်းမှ စာချုပ်သက်တမ်းတိုးမြှင့်လိုနေသည့် ဇာဗီ
ဘာစီလိုနာ အသင်းသည် အသင်း၏ အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သည့် ဇာဗီနှင့် စာချုပ်သစ် အတွက် ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီဟု ကစားသမား၏ အေးဂျင့်ဖြစ်သူ ဖွင့်ဟချက် အရ သိရသည်။
ဇာဗီ၏ လက်ရှိ စာချုပ်သက်တမ်းမှာ (၂၀၁၄) နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် အသင်းမှ ယခုလို စာချုပ်သစ် ချုပ်ဆိုလိုနေခြင်း ဖြစ်ကာ ယင်း၏ စာချုပ်သက်တမ်း မကုန်မီ စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေခြင်း ဖြစ်သည်။
“ဘာစီလိုနာ အသင်းက ဇာဗီရဲ့ လက်ရှိစာချုပ်ပေါ် သက်တမ်းတိုးလို နေပြီး စာချုပ်ပါ အချက်အလက်တွေကို တိုးမြှင့်လိုနေတယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားခဲ့ပါတယ်”ဟု ဇာဗီ၏ အေးဂျင့်ဖြစ်သူ ကော်ရက်ဂျာမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဇာဗီသည် ဘာစီလိုနာ အသင်းနှင့်အတူ (၂၀၀၈)ခုနှစ် သြဂုတ်လတွင် ပထမဆုံး ပွဲထွက် ကစားခဲ့ပြီး လက်ရှိအချိန်တွင် ပွဲပေါင်း (၆၀၀)ကျော် ကစားပြီးထားသူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment