Saturday, September 1, 2012

ဂါစီယာအား ပေါင် (၁၈)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် မန်စီးတီး

မန်စီးတီးသို့ ရောက်ရှိရန် နီးစပ်နေသည့် ဂါစီယာ
မန်စီးတီး အသင်းသည် ဘင်ဖီကာ ကွင်းလယ် ကစားသမား ဂျာဗီဂါစီယာအား ခေါ်ယူရန် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၈)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
မန်စီးတီး အသင်းသည် ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် (၁၅.၅)သန်း ပေးချေရမည် ဖြစ်ကာ အနာဂတ်တွင် ပေါင် (၂.၅)သန်း ထပ်မံပေးချေရမည် ဖြစ်ကြောင်း သိရသည်။
မန်စီးတီး အသင်းသည် ယခင်က ဘင်ဖီကာ အသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ပေါင် (၂၄)သန်းကို ပေးချေရန် ဆန္ဒမရှိခဲ့သော်လည်း ယခုအခါတွင် ဘင်ဖီကာ အသင်းမှ ပေါင် (၁၈)သန်းအား လက်ခံလိုက်ခြင်းကြောင့် ဂါစီယာသည် အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် မန်စီးတီး အသင်းသို့ ရောက်ရှိဖွယ် ရှိနေသည်။ ဂါစီယာသည် မန်စီးတီး အသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။ 
soccer weekly

No comments:

Post a Comment