နျူကလီးယားစက်ရုံ တည်ဆောက်ရေးကိစ္စ အိန္ဒိယတောင်ပိုင်း ရွာသားများ ကန့်ကွက်
အိန္ဒိယနိုင်ငံတောင်ပိုင်းထမီးလ်နာဒူးပြည်နယ်မှရွာသားများကအသစ်ဆောက်လုပ်သည့် နျူကလီးယားစက်ရုံကို
စက်တင်ဘာ ၁၀ ရက်က ထပ်မံကန့်ကွက်ခဲ့ကြပြီး ဓာတ်ပေါင်းဖိုများအတွင်း
နျူကလီးယားလောင်စာများ ထည့်သွင်းမှု ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ မကြာမီ
ရက်များအတွင်းကလည်း တမီးလ်နာဒူးပြည်နယ် ဘူဒန်ကူလမ်ရွာသူ ရွာသားများက
နျူးကလီးယားစက်ရုံ လည်ပတ်မှု ပိတ်ပစ်ရန် ကြိုးပမ်းခဲ့ကြသေးသည်။
သူတို့သည်စက်ရုံသို့ ချီတက်ရန် ကြိုးစားကြသော်လည်း ရဲတပ်ဖွဲ့ဝင်များက
၎င်းတို့ကို တားဆီးခဲ့သည်။ မဒရပ်တရားရုံးချုပ်က စက်ရုံလည်ပတ်ခွင့် ပေး ထားသည်။
အဏုမြူစွမ်းအင် ထိန်းသိမ်းရန် တာဝန်ပေးထားသည့် ဘုတ်အဖွဲ့ အာဏာပိုင်များက
အပြီးသတ် အတည်ပြုပေးရန် စက်ရုံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည်ဟု
သိရသည်။
khitlunge
No comments:
Post a Comment