Sunday, September 23, 2012

ပျောက်ဆုံးသွားသောဖုန်းအား လုံခြုံရေး ဆိုင်ရာကန့်သတ်မှုများ ပြုလုပ်နိုင် မည့် ဆော့ဖ်ဝဲ


စမတ်ဖုန်း အသုံးပြုသူများ အနေဖြင့် မိမိပျောက်ဆုံး သွားသော ဖုန်းအား လုံခြုံရေး ဆိုင်ရာ ကန့်သတ် ပြုလုပ်နိုင်မည့် ဆော့ဖ်ဝဲသစ် တစ်မျိုးကို ပြည်တွင်းဈေး ကွက်၌ ဖြန့်ချိ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Mobi Security ဟု အမည်ပေးထားသည့် အဆိုပါ ဆော့ဖ်ဝဲသည် ဖုန်းထဲတွင် ထည့်သွင်းအသုံးပြုသည့်အခါ၌ ဖန်ရှင်ကီးများကို ပိတ်ထားနိုင် သည့် စနစ်များ ပါရှိသလို မိုဘိုင်းဖုန်းခိုးယူခံရသည့်အခါတွင်လည်းRemote စနစ်ဖြင့် ဖုန်းအားအဆက်မပြတ်အသံထွက်စေနိုင်မည့် သတ်မှတ်ချက် တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ှSMS စနစ်ဖြင့်သော်လည်းကောင်း၊ အွန်လိုင်း စနစ်ဖြင့်သော်လည်းကောင်း ပျောက်ဆုံးသွားသောဖုန်း၏ Contact များ၊ SMS များ၊ Call Log များနှင့် ဓာတ်ပုံစသည်တို့ကို ဖျက်ပစ်နိုင်စွမ်းလည်း ရှိမည် ဖြစ်သည်။
တည်နေရာအချက်ပြဝန်ဆောင်မှု အသုံးပြုထားလျှင် ဖုန်း၏ တည်ရှိရာ နေရာ ကိုလည်း ပြန်လည်သတင်းပို့နိုင်မည်ဖြစ်သည်။ အခြားလုံခြုံ ရေးဆိုင်ရာ သတ်မှတ်မှု များ ကိုလည်း ပြုလုပ်နိုင်မည် ဖြစ်ပြီးSymbian, Android ပလတ်ဖောင်းတို့တွင် အဆင်ပြေမှုရှိစွာ အသုံးပြု နိုင်မည်ဖြစ်သည်။
၎င်း ဆော့ဖ်ဝဲအား လက်လီ၊ လက်ကား ဝယ်ယူနိုင် ကြောင်းလည်းသိရပြီး အ သေးစိတ်အချက်အလက် သိရှိလိုသူများအနေဖြင့် အခန်းနံပါတ် ၆၀၁၊ ၆ လွှာ၊ စင်ထရယ်တာဝါ၊ ၃၉ လမ်းနှင့် အနော်ရထာလမ်း ထောင့်၊ ဖုန်း - ဝ၁ ၃၈၅၉ ၃၀၊ ၃၈၉၆၇၆ သို့ ဆက် သွယ်နိုင်သည်။
ဖိုးခွား
The it Times

No comments:

Post a Comment