Thursday, September 13, 2012

ခြေစစ်ပွဲအောင်မြင်ရန် ခရီးအရှည်ကြီး ကျန်နေသေးသည်ဟု ကာပယ်လိုဖွင့်ဟ

ရုရှားအသင်း၏ နည်းပြ ကာပယ်လို
ကမ္ဘာ့ဖလား ခြေစစ်ပွဲ၏ အုပ်စုအဖွင့် ပွဲစဉ်နှစ်ပွဲစလုံးတွင် အနိုင်ရရှိထား သော်လည်း ရုရှား အသင်းအတွက် ခြေစစ်ပွဲအောင်မြင်ရန် ခရီးအရှည်ကြီး ကျန်ရှိနေသေးကြောင်း ကာပယ်လိုမှ ပြောကြားခဲ့သည်။
ဝါရင့်နည်းပြ တစ်ဦးဖြစ်သည့် ကာပယ်လိုသည် ရုရှားအသင်းအား အုပ်စုအဖွင့် ပွဲစဉ်များတွင် အမြင့်ဆုံး ရရှိနိုင်မည့် ရမှတ်ကို ရယူပေးထားနိုင်သူ ဖြစ်သည်။ သို့သော်လည်း ကာပယ်လိုမှ ရုရှားအသင်း၏ ယခုအောင်မြင်မှုများ အပေါ် သာယာနေခြင်း မရှိပဲ ဆက်လက်ဖြတ်သန်းရမည့် ခြေစစ်ပွဲစဉ်များ အတွက်သာ အာရုံစိုက်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ အတွက် ခရီးအရှည်ကြီး ကျန်နေပါသေးတယ်”ဟု ကာပယ်လိုမှ ပြောကြားခဲ့သည်။  
soccer weekly

No comments:

Post a Comment