Sunday, September 23, 2012

အရက် အလွန်အကျွံ သောက်ခြင်းကြောင့် ငယ်ရွယ်စဉ် လေဖြတ်နိုင်


နေ့စဉ် အရက် သုံးယူနစ် ဒါမှမဟုတ် ဒါထက် ပိုသောက်သူတွေဟာ အရက် တစ်ယူနစ်ခန့်သာ သောက်သူတွေထက် ဆယ်စုနှစ်တစ်စုနဲ့ တစ်ဝက် ပိုစောပြီး လေဖြတ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိခဲ့ပါတယ်။
ပျမ်းမျှ အသက် ၇၁ နှစ်အရွယ်ရှိ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်တဲ့ လူနာတွေအပါအဝင် ၅၄၀ ယောက်ကို လေ့လာမှု ပြုလုပ်ရာမှာ သူတို့ထဲက ၂၅ ရာခိုင်နှုန်းဟာ အရက်အလွန်အကျွံ သောက်သူတွေ ဖြစ်ကြပါတယ်။
လေ့လာမှုအရ အရက် အလွန်အကျွံ သောက်သူတွေဟာ အရက် သိပ်မသောက်သူတွေထက် ၁၄ နှစ် ပိုစောပြီး ပျမ်းမျှ အသက် ၆၀ အရွယ်မှာ လေဖြတ်တာတွေ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အရက် အလွန်အကျွံ သောက်သူတွေဟာ လေဖြတ်ပြီး နှစ်နှစ်အတွင်းမှာ သေဆုံးကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။
Good Health

No comments:

Post a Comment