Saturday, September 22, 2012

ဆော်ပေါ်လို အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည့် ဂန်ဆို

ဆော်ပေါ်လိုသို့ အပြီးသတ် ပြောင်းရွှေ့သွား ခဲ့သည့် ဂန်ဆို
ဆော်ပေါ်လို အသင်းသည် ဂန်ဆိုအား မဖော်ပြသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဆန်းတို့စ် အသင်းမှ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသင်း၏ ၀က်ဘ်ဆိုက်တွင် ကြေငြာခဲ့သည်။
ဂန်ဆိုသည် ယင်း၏ အသင်းသစ်နှင့် (၅)နှစ် စာချုပ်ခဲ့ကြောင်း သိရသည်။ ဆော်ပေါ်လို အသင်းသည် ဂန်ဆိုအား လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့မည့် မော်ရာ၏ နေရာတွင် အစားထိုးရန် အတွက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဆန်းတို့စ် အသင်းသည် ဂန်ဆို၏ ပြောင်းရွှေ့ကြေး (၄၅) ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ကျန်ရှိသည့် (၅၅) ရာခိုင်နှုန်းကို ရင်းနှီးမြှပ်နှံ့မှု ကုမ္ပဏီဖြစ်သည့် DISက ရရှိမည် ဖြစ်သည်။
“ခုလို ပြောင်းခွင့်ရလို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ အခြားသော ကလပ်တွေက ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဆော်ပေါ်လို အသင်းက ကျွန်တော့်ရဲ့ ဦးစားပေး ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကို လက်မှတ်ထိုး ခေါ်ယူဖို့ အတွက် သူတို့ အသုံးပြုခဲ့ရတာတွေကို ပြန်ပေးဖို့ မစောင့်နိုင်လောက်အောင်ပါပဲ”ဟု ဂန်ဆိုမှ ပြောကြားခဲ့သည်။
ဆန်းတို့စ် အသင်းအား ဂန်ဆိုစွန့်ခွာ ခဲ့ခြင်းမှာ ကလပ်အသင်းမှ ယင်းတောင်းဆိုထားသည့် လစာငွေကို ပေးချေနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။ 
soccer weekly

No comments:

Post a Comment