Wednesday, September 26, 2012

မန်ယူအသင်းကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ဗာတွန်ဂန် ကြုံးဝါး

မန်ယူအသင်းကို အနိုင်ယူမည်ဟု ကြုံးဝါးခဲ့သည့် လက်စ်ကော့
လာမည့် စနေနေ့တွင် တွေ့ဆုံယှဉ်ပြိုင်ရမည့် မန်ယူ အသင်းအား အနိုင် ကစားနိုင်စွမ်း စပါးစ် အသင်းတွင် ရှိနေသည်ဟု ဗာတွန်ဂန်မှ ယုံကြည်နေကြောင်း သိရသည်။
ဗာတွန်ဂန်သည် အေဂျက်ဇ် အသင်း၏ ကစားသမား ဘ၀ အဖြစ် ရှိနေခဲ့သည့် ပြီးခဲ့သော ရာသီက ယူရိုပါလိဂ် ပြိုင်ပွဲတွင် မန်ယူ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး (၂-၁)ဖြင့် အနိုင်ရခဲ့သည့် အတွေ့အကြုံ ရှိဖူးသူ ဖြစ်ကာ ယခုအသင်းသစ်တွင်လည်း မန်ယူ အသင်းကို အနိုင် ကစားနိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
စပါးစ် အသင်းသည် (၂၀၀၁)ခုနှစ် မေလနောက်ပိုင်းမှ စတင်၍ မန်ယူ အသင်းကို အနိုင်ရခဲ့ခြင်း မရှိသော်လည်း ဗာတွန်ဂန်မှ နောက်ဆုံး ကစားခဲ့သည့် လိဂ်ပွဲစဉ်တွင် နှစ်ပွဲအနိုင်ရခဲ့ခြင်းက ယခုပွဲစဉ် အတွက် ယုံကြည်မှု တိုးပွားစေပြီး ခြေစွမ်းပိုမို ကောင်းမွန်ရန် ဖန်တီးပေးခဲ့သည်ဟု ယူဆယုံကြည်နေခြင်း ဖြစ်သည်။
“ကျွန်တော် မနှစ်က အေဂျက်ဇ်အသင်းနဲ့ အိုးထရတ်ဖို့ဒ်မှ ကစားခဲ့ဖူး ပါတယ် အဲဒီမှာ အရမ်းကောင်းတဲ့ အားပေးမှုတွေ ရှိပါတယ်။ စပါးစ် အသင်းနဲ့ အဲဒီမှာ ပထမဆုံး ကစားရမယ့် ပွဲအတွက်လည်း ကျွန်တော် အရမ်းကို အကောင်းမြင်ထားပါတယ်။ အဲဒီမှာ ရလာဒ်ကောင်း ရယူဖို့ ကျွန်တော့်ဆီမှာ လုံလောက်တဲ့ ခြေစွမ်းရှိနေပါတယ်”ဟု ဗာတွန်ဂန်မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment