Monday, September 3, 2012

ရှိုးပွဲတွေ မဆိုဖြစ်ခြင်းအကြောင်း မင်းမော်ကွန်းပြော


လတ်တလောမှာတော့ လပ်ကီးပဲလေ့စ် ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာနေပိုင် ရိုက်ကူးတဲ့ 'စုန်းသောက်ဝိုင်' ဇာတ်ကားမှာ မင်းမော်ကွန်းက ဝတ်မှုံရွှေရည်နဲ့ အတူသရုပ်ဆောင်နေပါတယ်။
ထွက်ရှိခဲ့ ပြီးဖြစ်တဲ့ 'အရုပ်ဆိုင်' တေးစီးရီး သီချင်းခွေ အတွက်လည်း ဗီစီဒီကို စတင် ရိုက်ကူးနေပြီ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် ဘက်မှာရော၊ ဂီတလောက ဘက်မှာပါ အောင်မြင်ခဲ့တဲ့ မင်းမော်ကွန်းက 'အရုပ်ဆိုင်' ဆိုတဲ့ သီချင်းခွေ ထွက်ပြီးရင် ရှိုးပွဲတွေမှာ ပြန် လည် သီဆိုလာဖို့ ရှိမယ်လို့ ပြောခဲ့ ဖူးတာ ကြောင့် အခု ရှိုးပွဲတွေမှာ ပြန်လည်သီဆိုဖို့ အတွက် ပြောထားတာတွေ ရှိနေပြီလားလို့ မေးတော့ ''ကျွန်တော့်ကို လာပြောတာလည်း နည်းလို့ပါ။ ဆိုဖို့ လာပြောတဲ့အချိန်ကျတော့ လည်း ကားရိုက်တွေ၊ တခြားအလုပ်တွေ နဲ့တိုက် ဆိုင်နေတော့ မဆိုဖြစ်သေးပါဘူး'' လို့ ပြောပြခဲ့ပါတယ်။ ဇာတ်ကား ရိုက်ကူး မှုတွေ အားလောက်မယ့် အချိန်မှာ လာပြော ရင်တော့ ရှိုးပွဲတွေကို ပြန်ဆို မှာဖြစ်ကြောင်း ပြောပြပါတယ်။ အနုပညာလောကမှာရော၊ ဂီတလောကမှာပါ ခေတ်ရေစီး ကြောင်းအရ ပြောင်းလဲမှုတွေ ရှိလာနေတဲ့အတွက် အခု လိုပြောင်းလဲလာတဲ့ အခါမှာ ဂီတနဲ့သရုပ် ဆောင်ဘယ်ဘက်ကို ပိုပြီး အလေး ပေး လုပ်ကိုင်ချင်လာလဲလို့ မေးတော့..
''နှစ်ခုစလုံးကတော့ အနုပညာ ချင်း အတူတူပါပဲ။ ပရိသတ်တွေက လည်း နှစ်ခုစလုံးကို အားပေးတယ်။ ရုပ်ရှင်ကတော့ ပင်မအလုပ်ပါ။ အဆို ကတော့ ဝါသနာ အရလုပ်တာပါ'' လို့ပြောပြ သွားခဲ့ပါတယ်။ 'အရုပ်ဆိုင်' ဗီစီဒီ ထွက်ပြီး ရင် လည်းနောက်ထပ် သီချင်းခွေ အသစ်လုပ်ဖို့ ရှိပါတယ်လို့ လည်း မင်းမော်ကွန်း က ပြောပြပါတယ်။
သိမ့်သိမ့်
Popular facebook

No comments:

Post a Comment