Saturday, September 15, 2012

ကမ္ဘာကြီး မငြိမ်မသက်ဖြစ်အောင် ရေရှားပါးမှု ခြိမ်းခြောက်ဟု ကုလသမဂ္ဂသတိပေး


အလွန်အမင်း ဆိုးရွားလာသည့် ရေရှားပါးမှု အကျပ်အတည်းသည် ကမ္ဘာကြီးမငြိမ်မသက်ဖြစ်စေရန် ခြိမ်းခြောက်လျက်ရှိရာ အဆိုပါ ကိစ္စကို လုံခြုံရေးကောင်စီနှင့် ကမ္ဘာ့ခေါင်းဆောင်များ ဦးစားပေး ဖြေရှင်းရမည်ဖြစ်သည်ဟု ကုလသမဂ္ဂ ပညာရှင်များအဖွဲ့က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ရေပေးဝေဖြန့်ဖြူး မှု လျော့ကျ လာခြင်းကြောင့် လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာများကို ဆိုးရွားစွာ ဖြစ်ပေါ်စေကြောင်း၊ ထိုပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ စွမ်းအင်သိုလှောင်ရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရေး အစရှိသည်တို့အပေါ် ဂယက်ရိုက်ခတ်လာနိုင်ကြောင်း “ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်း သို့မဟုတ် မဖြစ်မနေ ရှင်းရမည့် အရေးပေါ်လုံခြုံရေးကိစ္စ”ဟု ခေါင်းစဉ်ပေးထားသည့် အဆိုပါပညာရှင်များ၏ အစီရင်ခံစာက ဆိုသည်။ လာမည့် ဆယ်စုနှစ် နှစ်ခုမပြည့်မီ ကာလအတွင်း ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့တွင် ရေသုံးစွဲမှုက ရရှိနိုင်မှုထက် ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ဂေဟ စနစ်များမှ နှစ်စဉ် ထုတ်ယူ သုံးစွဲသော ရေချိုပမာဏမှာ ၃၈၀၀ ကုဗကီလိုမီတာရှိကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးမြင့် လာမှုကလည်း ရေအရင်းအမြစ်များကို ပိုမိုဆိုးရွားစွာ ထိခိုက်စေကြောင်း အစီရင်ခံစာက ဖော်ပြသည်။
khitlunge

No comments:

Post a Comment