Saturday, September 15, 2012

ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီဟု အန်ဆယ်လော့တီ ကြုံးဝါး

ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီဟု ကြုံးဝါးခဲ့သည့် အန်ဆယ်လော့တီ
ပီအက်စ်ဂျီ အသင်း၏ နည်းပြ အန်ဆယ်လော့တီသည် ယင်း၏အသင်းသည် ကာလရှည်ကြာစွာ စောင့်ဆိုင်းနေခဲ့ရသည့် ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီဟု ယုံကြည်ကြောင်း တူးလော့စ်အသင်းအား အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
ပတ်စ်တိုရီ နှင့် အီဗရာဟီမိုဗစ်ခ်ျတို့၏ သွင်းဂိုးများဖြင့် တူးလော့စ် အသင်းအား အနိုင်ရခဲ့သည့် ပီအက်စ်ဂျီ အသင်းသည် ယခုနှစ် ရာသီအတွင်း နှစ်ပွဲဆက် အောင်ပွဲခံခဲ့ခြင်းလည်း ဖြစ်ပြီး နည်းပြ အန်ဆယ်လော့တီမှ ယင်း၏ အသင်းသည် ခြေစွမ်းပိုင်းများစွာ တိုးတက်လာခဲ့ပြီး ဒိုင်နမိုကိဗ့်နှင့် ပွဲစဉ်တွင် နိုင်ပွဲရယူမည်ဟု ကတိပြု ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ အသင်းက တိုးတက်လာပါပြီ။ ချန်ပီယံလိဂ် ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီနိုင်ပွဲနှစ်ပွဲက အုပ်စုအဆင့် အတွက် ကောင်းမွန်တဲ့ ရလာဒ်ပါ”ဟု အန်ဆယ်လော့တီမှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment