ဂြိုဟ်တုလွှတ်တင်ရေးစခန်း ဗီယက်နမ် စတင်ဆောက်လုပ်
ဗီယက်နမ်နိုင်ငံသည်
ဂြိုဟ်တုလွှတ်တင်ရေးစခန်း စတင်တည်ဆောက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၉
ရက်တွင် မြို့တော် ဟနွိုင်း၌ ကျင်းပခဲ့သည်။ အဆိုပါ ဂြိုဟ်တုလွှတ်တင်ရေး
စနစ်ကို ၉၀ စတုရန်းကီလိုမီတာ ပတ်လည် အကျယ်အ၀န်းပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။
၎င်းစခန်း တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး
ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၉၀ သန်းကို ကူညီသွားမည်ဖြစ်သည်။ သို့ရာတွင်
ဤငွေကို ဗီယက်နမ်နိုင်ငံက ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ
ဂြိုဟ်တုလွှတ်တင်ရေး စခန်းကို ၂၀၂၀ ပြည့်နှစ် အပြီးဆောက်လုပ်ရန်
စီစဉ်ထားပြီး အရှေ့တောင်အာရှ၏ ခေတ်အမီဆုံး ဂြိုဟ်တုလွှတ်တင်ရေး စခန်းတစ်ခု
ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
khitlunge
No comments:
Post a Comment