ဂျပန်တွင် အသက်ရာကျော်သည့် လူဦးရေ ၅၀၀၀၀ ကျော် အထိရောက်ရှိ
ဂျပန်နိုင်ငံတွင်
အနည်းဆုံး အသက် ၁၀၀ နှစ်ရှိ လူဦးရေသည် ယခုအခါ ၅၁၃၇၆ ဦးအထိ
မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ကျရောက်မည့် သက်ကြီးရွယ်အိုနေ့
အထိမ်းအမှတ်မတိုင်မီ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး ၀န်ကြီးဌာနက
ကြေညာခဲ့သည်။ အဆိုပါ အသက်ရာကျော် ဘိုဘွားများ၏ ၈၇ ရာခိုင်နှုန်းခန့်သည်
အမျိုးသမီးများဖြစ်ကြပြီး ၄င်းတို့အနက်မှ အသက် ၁၁၄ နှစ်ခန့်ရှိသည့်
ကိုတိုဟိုခုဘိုသည် ၁၈၉၇ ခု ဒီဇင်ဘာ ၂၄ ရက်တွင် မွေးဖွားခဲ့ကြောင်း သူမအား
ဂျပန်နိုင်ငံအတွင်း ယခုနှစ် သန်းခေါင်စာရင်းကောက်ယူပွဲ၌
ရှာဖွေတွေ့ရှိခဲ့သည်။ လူဦးရေ ၁၂၈ သန်းခန့် နေထိုင်လျက်ရှိသည့်
ဂျပန်နိုင်ငံသည် ယခုအခါ မွေးဖွားမှုနှုန်း အနိမ့်ဆုံးနှင့် သက်တမ်းအရှည်ဆုံး
လူမျိုးများ နေထိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။
khitlunge
No comments:
Post a Comment