Sunday, September 30, 2012

ဘိုင်ယန်မြူနစ် အသင်းအား ချန်ပီယံလိဂ်ဖလား ရရှိမည့် အသင်းအဖြစ် ဟစ်ဇ်ဖဲလ်မှတ်ချက်ပြု

ဘိုင်ယန်မြူနစ် အသင်းအား ချန်ပီယံလိဂ် ဖလားရမည့် အသင်းအဖြစ် မှတ်ချက်ပြုခဲ့သည့် ဟစ်ဇ်ဖဲလ်
ဆွစ်ဇာလန် အသင်း၏ နည်းပြဖြစ်သူ ဟစ်ဇ်ဖဲလ်မှ ဘိုင်ယန်မြူနစ် အသင်းအား ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်သည့် အသင်းအဖြစ် သတ်မှတ်ခဲ့ပြီး ဘွန်းဒက်စ်လီဂါ ပြိုင်ပွဲတွင်လည်း ဒေါ့မွန် အသင်းကို ကျော်ဖြတ်နိုင်စွမ်းရှိသည်ဟု သုံးသပ်ပြောဆိုခဲ့သည်။
ဟစ်ဇ်ဖဲလ်မှ ဘိုင်ယန်မြူနစ် အသင်းသည် ယမန်နှစ်က ကျရှုံးခဲ့မှုအပေါ် ယခုနှစ်ရာသီတွင် ပေါက်ကွဲပြရန် ရှိနေသည်ဟု ယူဆနေခြင်း ဖြစ်သည်။ “ဘိုင်ယန်အသင်းက ချန်ပီယံလိဂ် ဆုဖလားရဖို့ ထိပ်ဆုံးက ရေပန်းစားသင့်တဲ့ အသင်းပါ ဘာလို့လည်း ဆိုတော့ သူတို့အသင်းက မနှစ်ကထက် ပိုကောင်းလာလို့ပါ။ သူတို့တွေက ဘွန်းဒက်စ်လီဂါမှာလည်း အောင်မြင်မှာပါ”ဟု ဟစ်ဇ်ဖဲလ်မှ သုံးသပ် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment