Thursday, September 13, 2012
ဂျပန်နှင့် အငြင်းပွားလျက်ရှိသော ကျွန်းများသို့ တရုတ်က ကင်းလှည့်သင်္ဘောများ စေလွှတ်
ပေကျင်းမှ စေလွှတ်လိုက်သည့် ကင်းလှည့်ရေယာဉ်နှစ်စင်းသည် အရှေ့တရုတ်ပင်လယ်အတွင်းမှ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ကျွန်းများအနီးသို့ ဆိုက်ရောက်လာရာ တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား ပိုင်ဆိုင်မှုဒေါသ ပေါက်ကွဲခြင်းမှာ အရှိန်မြင့်လာပြီဖြစ်ကြောင်း အင်္ဂါနေ့ အေပီသတင်းတွင် ဖော်ပြသည်။ တရုတ်နိုင်ငံ၏ ပင်လယ်ပြင်စောင့်ရှောက် ကာကွယ်ရေးအဖွဲ့က ၎င်းတို့ပိုင်ဆိုင်သော ကျွန်းများကို ကာကွယ်ရန်အတွက် အစီအစဉ် များ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ၎င်းတို့ပိုင်ဆိုင်ကြောင်းကို ပြတ်ပြတ်သားသား ကြေညာရန် သင်္ဘောများကို စေလွှတ် ခဲ့ကြောင်း အစိုးရပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြသည်။ ထိုကာကွယ်ရေးအဖွဲ့သည် အရန်တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းတို့၏ သင်္ဘောများတွင် အပေါ့စားလက်နက်များ တပ်ဆင်ထားသည်။ ဂျပန်ဘာသာအားဖြင့် စင်ကာပူ၊ တရုတ်ဘာသာအားဖြင့် ဒိုင်ယာနိုယူ ဟုခေါ်သည့် အရှေ့တရုတ်ပင်လယ်အတွင်းမှ ကျွန်းများကြောင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အကြိမ်ကြိမ်ပြဿနာ ပေါ်ပေါက်လျက်ရှိသည်။ ၎င်းကျွန်းများကို တရုတ်(တိုင်ပေ)ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။
khitlunge

No comments:
Post a Comment