အိုဝင်အား ခေါ်ယူရန် စီစဉ်နေသည့် ရော်ဂျာ
ရော်ဂျာသည် အသင်း၏ တိုက်စစ်မှူး ကာရိုးအား
အသင်းမှ ထွက်ခွာခွင့် ပြုရန်ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း
မရှိကြောင်းနှင့် အကယ်၍ ထွက်ခွာခွင့် ပြုခဲ့ပါက ပြန်လည် အစားထိုးနိုင်မည့်
အခြေအနေတွင် မရှိကြောင်းကို သိနေခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။
ရော်ဂျာသည် အသင်း၏ တိုက်စစ်အတွက်
လူရွေးချယ်ခွင့် လွန်စွာနည်းပါးနေခြင်းကြောင့် အသင်း၏ တိုက်စစ်မှူးဟောင်း
ဖြစ်သူ အိုဝင်အား ခေါ်ယူရန် စဉ်းစားနေခြင်းလည်း ဖြစ်သည်။ အိုဝင်သည်
လီဗာပူးလ် အသင်းတွင် ကစားခဲ့စဉ်က (၁၅၈)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး
အသင်း ပရိသတ်များ၏ အချစ်တော် ကစားသမား ဖြစ်ခဲ့သည်။
soccer weekly

No comments:
Post a Comment